Call for Applications: Scholarship Bootcamp

မဂ်လာညနေခင်းလေးပါခင်ဗျာ…..

ကျွန်တော်တို့လွယ်အိတ်ပညာရေးအဖွဲ့မှ နိုင်ငံခြားပညာသင်ဆုလျှောက်ဖို့ ကြိုးစားနေတဲ့ ကျောင်းသားလူငယ်များအတွက် Scholarship Bootcamp လေးတစ်ခုကို ယူဆောင်လာပါပြီ။

အထူးသဖြင့် Child’s Dream ပညာသင်ဆုနဲ့ Prospect Burma ပညာသင်ဆု‌များကို လျှောက်ရာတွင် အရေးပါတဲ့ knowledge နှင့် skills တွေကို မြင့်တင်ပေးမှာဖြစ်တဲ့အတွက် ပညာသင်ဆုလျှောက်မည့်ကျောင်းသားလူငယ်များ မဖြစ်မနေ လျှောက်ထားသင့်တဲ့ အစီအစဉ်တစ်ခုဘဲဖြစ်ပါတယ်။

ဒီအစီအစဥ်ပြုလုပ်ရတဲ့အဓိကရည်ရွယ်ချက်တွေကတော့

(၁) မြန်မာကျောင်းသားလူငယ်အများစုရင်ဆိုင်ကြုံတွေ့နေရသော ပညာရေးဆိုင်ရာ အခက်အခဲများကို ပြေလည်စေရန်

(၂) Child’s Dream ပညာသင်ဆုနဲ့ Prospect Burma ပညာသင်ဆု‌များလျှောက်ရာတွင် သိသင့်သိထိုက်သော skills နှင့် knowledge များကို အနီးကပ်လေ့ကျင့်ပေးနိုင်ရန်

(၃) Child’s Dream နှင့် Prospect Burma ပညာသင်ဆုရကျောင်းသားများနဲ့ အတတ်ပညာဆိုင်ရာ လူမှုကွန်ရက်ကို ပိုမိုချဲ့ထွင်နိုင်ရန်

(၄) ပညာသင်ဆုရ‌ ကျောင်းသားများ၏လမ်းညွှန်မှုနှင့် အနီးကပ်ဆွေးနွေးအကြံ‌‌ပေးမှုများကို ကျောင်းသားလူငယ်များ ‌ရရှိစေနိုင်ရန်

(၅)ပညာသင်ဆုရကျောင်းသားတစ်ဦးဖြစ်လာစေဖို့ အတတ်ပညာဆိုင်ရာကျွမ်းကျင်မှုများ၊ကိုယ်ရေးကိုယ်သွေးနှင့်အရည်အချင်းများ တိုးတက်မြင့်မားလာစေရန် တို့ဘဲဖြစ်ပါတယ်။

ဤအစီအစဉ်ကို လျှောက်ထားရန် လိုအပ်သော စံသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) မြန်မာနိုင်ငံသားဖြစ်ရပါမည်။

(၂) အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရပါမယ်။

(၃) အထက်တန်းအောင်လက်မှတ်(သို့) General Education Diploma (GED) (သို့) အထက်တန်းအောင်လက်မှတ်နဲ့ညီမျှတဲ့ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ကို ကိုင်ဆောင်ထားသူဖြစ်ရပါတယ်။

(၄) ဤအစီအစဉ်ကို ပြီးဆုံးသည့်တိုင် တက်ရောက်ပါမည်ဟု အာမခံချက်အပြည့်အဝပေးနိုင်ရပါမယ်။

(၅) အင်တာနက်လိုင်းအခြေအနေ အဆင်ပြေရပါမယ်။

(၆) Child’s Dream နှင့် Prospect Burma ပညာသင်ဆုများကို ဘွဲ့ကြိုလျှောက်ထားရန် ရည်ရွယ်ထားသူဖြစ်ရပါမယ်။

(၇) ဤအစီအစဉ်ရဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်ရပါမယ်။

(၈) ပညာသင်ဆုရကျောင်းသား၊သူ ၊ အတန်းဖော်၊ အဖွဲ့ဝင်များနဲ့ ကောင်းမွန်ပြေပြစ်တဲ့ ဆက်ဆံရေးရှိသူဖြစ်ရပါမယ်။

ဤ Scholarship Bootcamp တွင် Scholarship Consultation ကို ပါဝင်ဦးဆောင်မည့် Child’s Dream & Prospect Burma ပညာသင်ဆုရကျာင်းသား၊ကျောင်းသူ ၁၀ ဦးကို ဖိတ် ခေါ် ထားပါသည်။ Scholarship Bootcamp အတွက် ကျောင်းသားကျောင်းသူ အယောက် – ၃၀ ဦးကိုသာ လက်ခံပေးသွားမည် ဖြစ်ပါသည်။

Intensive Training ကာလမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၉ရက်နေ့အထိ ဖြစ်ပါသည်။ သင်တန်းအချိန်များမှာ မြန်မာစံတော်ချိန် ညနေ ၇-၈:၃၀ ထိဖြစ်ပါသည်။ သင်တန်းပြီးဆုံးပြီးနောက် သင်တန်းသား သင်တန်းသူများသည် မိမိတို့လျှောက်မည့် ပညာသင်ဆုအတွက် essay ရေးသားချိန် တစ်ပတ်ရရှိပါမည်။ ထို့နောက် ပညာသင်ဆုရ ကျောင်းသား ကျောင်းသူများနှင့် အနီးကပ် ဆွေးနွေးမူများရရှိမှာ ဖြစ်ပါသည်။

Scholarship Bootcamp Platform – Zoom

ဤပညာသင်ဆုလေ့ကျင့်ရေးအစီအစဉ်ကို အောက်ပါလင့်မှ တစ်ဆင့်လျှောက်ထားနိုင်ပါတယ်။

Application deadline – December 11, 2024
Application form : https://forms.gle/kWU9v8LinCTXgxuJ9

***ဤ အစီစဉ်သည် လွယ်အိတ်ပညာရေးအဖွဲ့၏ လူငယ့်လွယ်အိတ်စီမံကိန်းမှ Scholarship Bootcamp အစီစဉ်တစ်ခုဖြစ်ပါသည်။ Lu Nge Loi Aint (လူငယ့်လွယ်အိတ်စီမံကိန်း) သည် မြန်မာနိုင်ငံရှိ ကျောင်းသား ကျောင်းသူများ၏ Academic + Career Journey အတွက် လိုအပ်သော Competencies (Knowledge + Skills + Attitudes) များကို မြင့်တင်ပေးရန်လုပ်ဆောင်နေလျက်ရှိပါသည်။

လွယ်အိတ် ပညာရေးအဖွဲအကြောင်း ပိုမို သိရှိလိုပါက လွယ်အိတ်ရဲ့ Website စာမျက်နှာတွင် အသေးစိတ်လေ့လာ ဖတ်ရှုနိုင်ပါသည်။

Website – https://loiaintedu.org/

#loiainteducationgroup #lungeloiaint #scholarshipbootcamp


Comments

Leave a Reply

Discover more from Loi Aint Education Group

Subscribe now to keep reading and get access to the full archive.

Continue reading