မင်္ဂလာပါရှင် Asia Pacific International University (AIU) မှာ ကျောင်းလျှောက်ဖို့အတွက် လိုအပ်တဲ့အချက်လေးတွေကို မျှဝေပေးချင်ပါတယ်ရှင်။
လိုအပ်တဲ့ Document များ
ကျောင်းကချပေးထားတဲ့ application form ကိုအပြည့်အစုံဖြည့်ပေးရပါမယ်။
Application form – Application Form https://sarra.apiu.edu/register/default.aspx
အထက်တန်းပြီးကြောင်းလက်မှတ် ဖြစ်ပါတယ်။ ရိုးရိုး ဆယ်တန်းအောင်လက်မှတ်နဲ့ လျှောက်လည်းရသလို GED, IB, IGCSE တို့နဲ့လည်း လျှောက်လို့ရပါတယ်။
- UK System (International School / Overseas Institute) မှ အောင်မြင်သူများ –
- GCE “O” Level (၅ ဘာသာ)
- IGCSE/GCSE “AS or A” Level (၃ ဘာသာ)
- 8 subjectsမှာ Grade C အနည်းဆုံး ရရှိထားရမယ်။
Recommendation letter ၂ ခု ကိုယ်နဲ့ သင်ကြားဖူးတဲ့ ဆရာ၊ ဆရာမ တစ်ဦးဦး(သို့မဟုတ်) အလုပ်လုပ်ဖူးတဲ့နေရာက တာဝန်ရှိသူတစ်ဦးဦးက ကိုယ့်ရဲ့ ပညာရေးနဲ့ အရည်အချင်းကို ထောက်ခံပြီးရေးပေးရမယ့်စာပါ။
4cm x 6cm ဓာတ်ပုံ ၁ ပုံ အဖြူရောင်နောက်ခံနဲ့ အဖြူရောင်ကော်လာ ဝတ်ထားတဲ့ပုံဖြစ်ရပါမယ်။
Passport Copy ၁ စုံ
မှတ်ပုံတင်
English Proficiency Certificate (မရှိခဲ့ရင် ဝင်ခွင့်စာမေးပွဲဖြေလို့ရပါတယ်။)
- အင်္ဂလိပ်စာ အရည်အချင်းလုံလောကြောင်းဖော်ပြဖို့လိုပါမယ်။ English Proficiency Certificate (IELTS ≥ 5.0, TOEFL ≥ 500/PBT, ≥ 61/iBT)
Medical Certificate (ဆေးစစ်လက်မှတ်)
Application fees 300 Baht Documents တွေအကုန်စုံပြီဆိုရင်
ဒီ register@apiu.edu email ကနေ တစ်ဆင့် အလွယ်တကူ လျှောက်လို့ရပါတယ်။ ကျောင်းက ကိုယ့်ရဲ့ document တွေကို လက်ခံရရှိပြီး အတည်ပြုတယ်ဆိုရင်တော့ Student deposit လေးကို ကျောင်းဘက်က တောင်းခံမှာဖြစ်ပါတယ်။
Deposit ပေးပြီးပြီဆိုရင်တော့ ကျောင်းဘက်ကနေ ကျောင်းဝင်ခွင့်စာ (acceptance letter) ကို email ကနေတစ်ဆင့်ပို့ပေးသွားမှာပါ။ အဲ့ acceptance letter ကို ကျောင်းသားဗီဇာလုပ်တဲ့အခါမှာ ပြရမှာပါဖြစ်ပါတယ်။ **အကယ်၍ အပေါ်ကလို online/ email ကနေ လျှောက်လို့မရခဲ့ရင် walk-in အနေနဲ့ ကျောင်းက Register Office ကို တိုက်ရိုက်လာပြီး application form ကိုကိုယ်တိုင်ရေးတင်လို့ရပါတယ်**
Process (Admission Procedure)
Step 1
- အထပ်ပါလိုအပ်သော စာရွက်စာတမ်းအားလုံးကို mail အချိန်မီတင်ပို့ရမယ်။
- ပို့ရမဲ့လိပ်စာတော့ –
Admissions and Records Office
Asia-Pacific International University
P.O. Box 4, Muak Lek, Saraburi 18180, Thailand
Step 2
- စာရွက်စာတမ်းအပြည့်အဝ လက်ခံပြီး အတည်ပြုပြီဆိုရင် Student Deposit ကျောင်းကပို့ပေးတဲ့bankအကောင့်ထဲသို့လွဲပေးရပါမယ်။
- ဒီ Deposit ကို ကျောင်းပြီးတဲ့အထိ အကောင့်ထဲမှာထည်ထားပေးပါမယ်။
- ကျောင်းသားနေနေတဲ့ နိုင်ငံအကွာအဝေးပေါ်မူတည်ပြီး 10,000၊ 20,000 စသည်ဖြင့် တောင်းပါတယ်။
- မြန်မာနိုင်ငံအတွက်တော့ Deposit 10,000 တောင်းခံပါတယ်။
Step 3
- Deposit လွဲပီးသွားရင်တော့ကျောင်းကနေAcceptance Letter (ဝင်ခွင့်စာ) ပို့ပေးပါမယ်။
- ထို Acceptance Letter ကို အသုံးပြုပြီး Student Visa (Non-ED Visa) Single Entry လျောက်ပေးရပါမယ်ရှင့်။
ကျောင်းကိုပုံစံသုံးမျိုးနဲ့လျောက်လို့ရပါတယ်
၁. Online Application (အွန်လိုင်း))
- အွန်လိုင်းနဲ့ လျှောက်ထားခြင်းက ပုံစံတွေ အထိရောက်ဆုံးနဲ့ safeဖစ်ပီးကျောင်းကိုmailရောက်စေမှာဖြစ်ပါတယ်။
- FormအားလုံးSubmit လုပ်မှသာ Application ကိုလက်ခံမှာဖစ်ပါတယ်။
၂. Mail Application (မေးလ်)
လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ လျှောက်လွှာကို အောက်ပါလိပ်စာကို ပို့နိုင်ပါတယ်ရှင့်
Admissions and Records Office
Asia-Pacific International University
P.O Box 4, Muak Lek, Saraburi 18180, Thailand
၃. Walk-In Application (ကျောင်းရောက်လာမှလျောက်ခြင်း)
AIU ရောက်ပြီးနောက် တိုက်ရိုက် Admissions and Records Office မှာ Application Form ဖြည့်နိုင်ပြီး လိုအပ်တဲ့စာရွက်စာတမ်းနဲ့ အတူတူ တင်သွင်းနိုင်ပါတယ်။
ဗီဇာအချက်အလက် (Visa Information)
- ဂျပန်၊ မြန်မာ၊ အိန္ဒိယ စသည့် နိုင်ငံခြားသားကျောင်းသားများ အတွက် – ထိုင်းနိုင်ငံမှာ သင်ကြားဖို့ Non-Immigrant Education Visa (Non-ED Visa) လိုအပ်ပါတယ်။
- ဗီဇာကို လျှောက်ထားဖို့အတွက် Acceptance Letter (ဝင်ခွင့်စာ) ကို တက္ကသိုလ်က ပေးပါမယ်ရှင့်
📌 Admission Portal https://www.apiu.edu/admissions/
‘


Leave a comment