Appreciation for Child’s Dream Scholarship Recipients from Loi Aint Education Group’s Scholarship Bootcamp

English version below

ကျွန်တော်တို့ လွယ်အိတ်ပညာရေးအဖွဲ့ဟာဆိုရင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ Child’s Dream ပညာသင်ဆုနဲ့ Prospect Burma ပညာသင်ဆု‌များကို လျှောက်မည့် လူငယ်များအတွက် အရေးပါတဲ့ knowledge နှင့် skills တွေကို မြင့်တင်ပေးနိုင်ဖို့ ၁လတာ အနီးကပ် လေ့ကျင်ရေးသင်တန်း (Scholarship Bootcamp) ကို ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါတယ်။

သတင်းကောင်းတစ်ခုအနေနဲ့ ၎င်းသင်တန်းတွင် တက်ရောက်ခဲ့တဲ့ သင်တန်းသား အယောက် ၄၀ နီးပါးထဲကနေ သင်တန်းသား ၆ ယောက်ဟာဆိုရင် Child’s Dream ပညာသင်ဆုကို ထိုက်တန်စွာရရှိခဲ့ပါပြီ။

Child’s Dream ပညာသင်ဆုကို ထိုက်တန်စွာ ရရှိခဲ့တဲ့ အဆိုပါ သင်တန်းသား ၆ ယောက်နဲ့အတူ ကျွန်တော်တို့ လွယ်အိတ်ပညာရေးအဖွဲ့ မှ ထပ်တူဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဒါ့အပြင် ယခုလို အောင်မြင်မှုဟာ ကျွန်တော်တို့ရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်များအတွက် ခွန်အားဖြစ်စေပါတယ်။

Child’s Dream ပညာသင်ဆုရကျောင်းသားကျောင်းသူများအတွက် လာမည့်ပညာရေးခရီးလမ်းမှာလည်း ဘယ်အခက်အခဲမဆို ကျော်လွှားရင်း အောင်မြင်မှုများစွာကို ရရှိပြီး တစ်နေ့မှာ လူထုအကျိုးကို ပြန်လည်ထမ်းဆောင်ရွက်နိုင်ပါစေလို့ ကျွန်တော်တို့လွယ်အိတ်ပညာရေးအဖွဲ့အစည်းမှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ။ ယနှစ်အတွက် အခွင့်မသာခဲ့တဲ့ သင်တန်းသား၊သူများလည်း ဇွဲမလျှော့၊ စိတ်ဓာတ်မကျပဲ လာမဲ့နှစ်တွေမှာ ထပ်ကြိုးစားဖို့ အားပေးစကားပြောချင်ပါတယ်။

ဒါ့အပြင် Boot camp တစ်လျှောက်လုံး ပါဝင်အားဖြည့်ကူညီပေးခဲ့ကြသော Guest speaker များနှင့် Mentors အသီးသီးတို့ကိုလည်း ကျွန်တော်တို့ လွယ်အိတ်အဖွဲ့ကနေ အထူးပင် ကျေးဇူးတင်ရှိပါသည်။

Appreciation for Child’s Dream Scholarship Recipients from Loi Aint Education Group’s Scholarship Bootcamp

In December 2024, our Loi Aint Education Group successfully organized our very first one-month intensive Scholarship Bootcamp to equip young people applying for the Child’s Dream Scholarship and Prospect Burma Scholarship with essential knowledge and skills.

We are happy to share some good news out of nearly 40 trainees who participated in the program, 6 students have proudly received the Child’s Dream Scholarship!

Together with these six deserving scholarship recipients, our Loi Aint Education Group is overjoyed and proud of their achievement. This success has also become a source of motivation and strength for us to continue and improve our future program.

For those who received Child’s Dream Scholarship, we wish them all the best for their upcoming educational journeys. May they overcome every challenge and achieve great success, and one day give back to their communities.

To those who didn’t make it this year, we want to offer words of encouragement: don’t lose hope or give up — keep pushing forward in the years ahead!

We’d also like to express our heartfelt gratitude to the guest speakers and mentors who generously supported and contributed throughout the entire bootcamp.

From all of us at the Loi Aint Education Group


Comments

Leave a comment